CHAPTER
3
INTERNETWORKING
PROTOCOLS
ဒီအခန်းမှာ protocol ၄ ခုအကြောင်း
overview ပြောပါမယ်။
1. Internet Protocol (IP)
datagram addressing, routing and
delivery ကိုလုပ်ပေးတယ်။
2. Internet Control Message Protocol
(ICMP)
error တွေကို detect လုပ်ပြီး
report လုပ်ပေးတယ်။
3. Address Resolution Protocol (ARP)
IP address နဲ့ physical address ကြား
resolve လုပ်ပေးတယ်။
4. Dynamic Host Configuration
Protocol (DHCP)
dynamic address configuration လုပ်ပေးတယ်။
3.1. Internet
Protocol (IP)
IP ဟာ unreliable, best-effort, and
connectionless packet delivery protocol တစ်ခုဖြစ်တယ်။ သူဟာ reliable မဖြစ်ဘူး။ ဒါပေမယ့်
အစွမ်းကုန်ကြိုးစာအားထုတ်ပြီး data တွေကိုပို့ပေးတယ်။ IP ကပို့လိုက်တဲ့ packet တွေဟာ
လမ်းမှာပျောက်သွားနိုင်တယ်။ ရှေ့နောက်အစီအစဉ်တကျမဟုတ်ဘဲလည်း ရောက်သွားနိုင်တယ်။ ရောက်ပြီးသား
packet တစ်ခုဟာ နောက်တစ်ကြိမ် ထပ်ရောက်သွားတာမျိုးလည်းဖြစ်နိုင်တယ်။ ဒီပြသနာတွေကို
သူ့အထက်မှာရှိတဲ့ upper layer protocol (ဥပမာ-TCP) ကဖြေရှင်းပေးရတယ်။
3.1.1.
IP addressing
IP address တွေဟာ 32-bit ရှိတဲ့
unsigned binary value တွေဘဲ။ dotted decimal format နဲ့ဖော်ပြလေ့ရှိတယ်။ ဥပမာ-
9.167.5.8. ဒီလို numeric form မျိုးကို IP software ကအသုံးပြုတယ်။ လူတွေကတော့ ဖတ်ရလွယ်တဲ့အမည်တွေကိုသုံးလေ့ရှိတယ်။
ဥပမာ- www.google.com.
numeric form နဲ့ အမည်ကြားဆက်စပ်ပေးတာကတော့ Domain Name System (DNS) ပါ။
The
IP address
Internet ချိတ်ဆက်ထားတဲ့ host တစ်ခုကို
identify လုပ်ဘို့ဆိုရင် host တိုင်းကို address တွေပေးထားရတယ်။ အဲဒီ address ကို
IP address or Internet address လို့ခေါ်တယ်။ host တစ်ခုဟာ network တစ်ခုထက်ပိုပြ
ီးချိတ်ဆက်ထားပြီဆိုရင် အဲဒီ host ကို multihomed host လို့ခေါ်တယ်။ အဲဒီ host ဟာ network ၂ခုနဲ့ချိတ်ဆက်ထားရင် IP address ၂ခုရှိတယ်။ IP address တစ်ခုမှာ ၂ပိုင်းပါတယ်။ network number နဲ့ host number ဆိုပြီးတော့ပေါ့။ ဥပမာ- 128.2.7.9 မှာ 128.2 ဟာ network number ဖြစ်ပြီး 7.9 ဟာ host number ဖြစ်တယ်။ အိမ်နံပါတ်တစ်ခုကိုပြောရာမှာ 8/403 ဆိုရင် တိုက်နံပါတ်က ၈၊ အခန်းနံပါတ်က ၄၀၃ ဆိုတဲ့သဘောမျိုးပေါ့။
ီးချိတ်ဆက်ထားပြီဆိုရင် အဲဒီ host ကို multihomed host လို့ခေါ်တယ်။ အဲဒီ host ဟာ network ၂ခုနဲ့ချိတ်ဆက်ထားရင် IP address ၂ခုရှိတယ်။ IP address တစ်ခုမှာ ၂ပိုင်းပါတယ်။ network number နဲ့ host number ဆိုပြီးတော့ပေါ့။ ဥပမာ- 128.2.7.9 မှာ 128.2 ဟာ network number ဖြစ်ပြီး 7.9 ဟာ host number ဖြစ်တယ်။ အိမ်နံပါတ်တစ်ခုကိုပြောရာမှာ 8/403 ဆိုရင် တိုက်နံပါတ်က ၈၊ အခန်းနံပါတ်က ၄၀၃ ဆိုတဲ့သဘောမျိုးပေါ့။
Class-based
IP addresses
IP address တစ်ခုမှာ ဘယ်အပိုင်းက
network number လည်း၊ ဘယ်အပိုင်းက host number လည်းခွဲခြားဘို့လိုပါတယ်။ IP
address ရဲ့ ရှေ့ဆုံးက bit တွေကိုကြည့်ပြီး ဘယ်အပိုင်းက network number၊ ဘယ်အပိုင်းက
host number ဆိုတာခွဲခြားနိုင်ပါတယ်။ IP address ကို class ၅မျိုးခွဲနိုင်တယ်။
Class A, B, C, D and E.
ရှေ့ဆုံးက bit ဟာ 0 စရင် Class A ပါ။ Class A ဟာ network number အတွက်
7 bits သုံးတယ်။ host number အတွက် 24 bits သုံးတယ်။ ဒါကြောင့် Class A address မှာ
network 126 ခုထိရှိနိုင်ပြီး network တစ်ခုဆီမှာ host ပေါင်း
16777214 ခုထိရှိနိုင်တယ်။
ရှေ့ဆုံး bit ဟာ 10 နဲ့ စရင်Class B ပါ။
Class B မှာ ရှေ့က 14 bits ဟာ network number ဖြစ်ပြီး နောက်က 16 bits ဟာ host
number ဖြစ်တယ်။ ဒါကြောင့် Class B
address မှာ network 16382 ခုထိရှိနိုင်ပြီး network တစ်ခုဆီမှာ host ပေါင်း
65534 ခုထိရှိနိုင်တယ်။
ရှေ့ဆုံး bit ဟာ 110 နဲ့ စရင်Class
C ပါ။ Class C မှာ ရှေ့က 21 bits ဟာ network number ဖြစ်ပြီး နောက်က 8 bits ဟာ
host number ဖြစ်တယ်။ ဒါကြောင့် Class C
address မှာ network 2097150 ခုထိရှိနိုင်ပြီး network တစ်ခုဆီမှာ host ပေါင်း 254 ခုထိရှိနိုင်တယ်။
ရှေ့ဆုံး bit ဟာ 1110 နဲ့ စရင်Class
D ပါ။ multicasting အတွက် reserve ထားတာပါ။
ရှေ့ဆုံး bit ဟာ 1111 နဲ့ စရင်Class
C ပါ။ future use နဲ့ experimental use အတွက် reserve ထားတာပါ။
Network တစ်ခုမှာချိတ်ဆက်မယ့် host
အရေအတွက် သိပ်များလွန်းရင် Class A address ကိုသုံးသင့်ပါတယ်။ ချိတ်ဆက်မယ့် host အရေအတွက်
သိပ်နည်းရင်တော့ Class C အမျိုးအစား address ကိုသုံးသင့်ပါတယ်။ အလယ်အလတ် host အရေအတွက်ဆိုရင်တော့
Class B သုံးပေါ့။
Reserved IP address
IP address တစ်ခုရဲ့
network number တွေ host number တွေမှာ 0 တွေချည်းဖြစ်နေတာ 1 တွေချည်းဖြစ်နေတာဟာလည်း
အကြောင်းရှိပါတယ်။ host number မှာ 0 တွေချည်းဖြစ်နေရင် အဓိပါယ်က this host ပါတဲ့။
network number မှာ 0 တွေချည်းဖြစ်နေရင် ဒါဟာ this network လို့ပြောတာပါ။ host တစ်ခုဟာ
network တစ်ခုကို ဖြတ်ပြီး communicate လုပ်ချင်တယ်ဆိုပါစို့။ ဒါပေမယ့် အဲဒီ host ဟာ
သူဖြတ်ရမယ့် network ရဲ့ IP address ကိုမသိဘူးဆိုရင် သူပို့မယ့် packet ရဲ့
network number ကို 0 လို့ပေးလိုက်ရမယ်။ အဲဒီ network ပေါ်မှာရှိနေတဲ့ host တွေက
network number 0 နဲ့ ရောက်လာတဲ့ packet ကို ဒါ ငါတို့ network ကို ပို့တဲ့ packet
ဘဲလို့သတ်မှတ်တယ်။ (this network) ကိုပို့တာလို့သတ်မှတ်လိုက်တာပေါ့။ အဲဒီ host တွေဟာ
sender ဆီ reply ပြန်တဲ့အခါမှာ network address ကို ထည့်ပြီးပြန်ပေးလိုက်ကြတယ်။ အဲဒီအခါ
sender က network address ကိုသိသွားပြီး နောက်ထပ် packet တွေပို့ချင်တဲ့အခါ 0 ကိုသုံးစရာမလိုတော့ဘဲ
သူအခုသိသွားပြီဖြစ်တဲ့ network address ကို သုံးလို့ရသွားပြီပေါ့။
Network number မှာပါတဲ့
bit တွေဟာ အားလုံး 1 တွေချည်းဘဲဖြစ်နေရင် all network ပါတဲ့။ host number မှာပါတဲ့
bit တွေအားလုံး 1 ဖြစ်နေရင် all host လို့ဆိုလိုပါတယ်။ ဥပမာ-128.2.255.255 (Class
B) address မှာ 128.2 ဟာ network number ပါ။ 255.255 က host number ပါ။ host
number တွေကို binary form ပြောင်းကြည့်ရင် 11111111.11111111 ပါ။ ဆိုလိုတာက host
number က all one ဖြစ်နေပါတယ်။ ဆိုလိုတာက network number 128.2 နဲ့ချိတ်ဆက်ထားတဲ့
host တွေအားလုံးကို ရည်ညွှန်းတာပါ။ တစ်နည်းအားဖြင့် 128.2 network ပေါ်မှာရှိတဲ့
host တွေအားလုံးကို broadcast လုပ်တာပါ။
Class A network
127.0.0.0 ကိုတော့ loopback address လို့ခေါ်တယ်။ ဒါကတော့ကိုယ့် host ကို ကိုယ်ပြန်ညွန်းတဲ့အခါသုံးပါတယ်။
အပေါ်မှာ network
and host အရေအတွက်တွေတွက်တဲ့အခါမှာ 2 ကိုနှုတ်ခဲ့တာသတိထားမိမှာပေါ့။ ဒါဟာ all 0 တစ်ခုနဲ့
all 1 တစ်ခု စုစုပေါင်း 2 ခုကိုနှုတ်ခဲ့တာပါ။ host ရဲ့ IP address ကိုသတ်မှတ်တဲ့အခါ
all 0 တွေ all 1 တွေသတ်မှတ်လို့မရဘူးလေ။ ဒါကြောင့် ၂ ခုစီလျော့နေတာ။
3.1.2. IP subnets
Internet ချိတ်ဆက်တဲ့
host အရေအတွက်တွေတစ်နေ့ထက် တစ်နေ့များလာတာကြောင့် IP address တွေကို ထပ်ပြီး ခွဲစိတ်ဘို့လိုလာပါတယ်။
ဒါကြောင့် IP subnet ရယ်လို့ဖြစ်လာတယ်။ IP address ရဲ့ host number အပိုင်းကိုဘဲ second
network number နဲ့ host number လို့ထပ်ပြီးခွဲလိုက်တာပါ။ second network number ကို
subnetwork or subnet လို့ခေါ်ပါတယ်။ main network မှာ နေက်ထပ် subnet တွေရှိလာတာပေါ့။
ဥပမာ 8/403(A) and 8/403(B) ဆိုပါတော့။ တိုက် ၈ မှာ အခန်းအမှတ် ၄၀၃ ဆိုတာရှိတယ်။ တိုက်
၈ က network number ဆိုပါတော့။ အခန်း ၄၀၃ က host number ဆိုပါတော့။ အခု host
number 403 ကိုဘဲ A နဲ့ B ဆိုပြီးထပ်ခွဲလိုက်တယ်။ A နဲ့ B ဟာ subnet တွေပေါ့။ ခုဆို
တိုက် ၈ မှာ A နဲ့ B ဆိုတဲ့subnet ၂ခုရှိသွားပြီ။ ဒီသဘောမျိုးပါ။
<network number><subnet number><host number>
Subnet number and
host number တွဲထားတာကို local address or IP address ရဲ့ local portion လို့ခေါ်တယ်။
IP address တစ်ခုမှာ
ဘယ်အပိုင်းထိက network number လည်း၊ ဘယ်အပိုင်းက host number လည်းဆိုတာကို
address ရဲ့ ရှေ့ဆုံးက bit တွေကိုကြည့်ပြီးသိနိုင်တယ်ဆိုတာ အထက်မှာပြောခဲ့ပါတယ်။ subnet
ခွဲထားတဲ့ address ကိုရော ဘယ်လိုခွဲခြားပြီးသိနိုင်မလည်း။ ဒါကိုတော့ subnet mask ကိုကြည့်ပြီးသိနိုင်ပါတယ်။
သာမန်အားဖြင့် Class A အတွက် subnet mask က 255.0.0.0 ပါ။ Class B အတွက်က
255.255.0.0 ပါ။ Class C အတွက်ကတော့ 255.255.255.0 ပါ။ ဆိုလိုတာက subnet mask ကို
binary form ပြောင်းလိုက်ရင် 0 နဲ့ 1 သာပါတဲ့ bit stream တစ်ခုရပါမယ်။ အဲဒီထဲကမှ
1 တွေက network number ကိုဖော်ပြပြီး 0 တွေကတော့ host number ကိုဖော်ပြပါတယ်။
ဥပမာ- Class A address တစ်ခု
10.0.0.1 ဆိုပါတော့။ binary form က
00001010.00000000.00000000.00000001 ပါ။
subnet mask က
255.0.0.0 ပါ။ အဲဒါကို binary form ပြောင်းရင် 11111111.00000000.00000000.00000000 ဖြစ်ပါတယ်။ အဲဒီမှာ ရှေ့ဆုံးက 11111111 က network number ကိုဖော်ညွှန်းပါတယ်။
ဒါဆို 10
(00001010)
က network number ပေါ့။ နောက်ဆုံးက 00000000.00000000.00000000 က host number ကိုရည်ညွန်းပါတယ်။
ဒါဆို (0.0.1)00000000.00000000.00000001 က host number ပေါ့။
IP Address
|
10
00001010
|
0
00000000
|
0
00000000
|
1
00000001
|
Subnet Mask
|
255
11111111
|
0
00000000
|
0
00000000
|
0
00000000
|
(ခုထိ သာမန် IP address ကို subnet mask သုံးပြီး network number
and host number ခွဲပြတာဘဲပါသေးတယ်။ subnet ခွဲထားတဲ့ address တွေကိုခွဲပြတာမပါသေးပါဘူး။)
Types of subnetting
Subnetting ၂မျိုးရှိတယ်။
static နဲ့ variable length ပါ။ variable length က static ထက်ပိုပြီး flexible ဖြစ်ပါတယ်။
Static subnetting
Static subnetting
ဆိုတာက network တစ်ခုက ခွဲထားတဲ့ subnet တွေအားလုံးဟာ same subnet mask ကိုဘဲအသုံးပြုရပါတယ်။
ဒါက implement လုပ်ရတာလည်းလွယ်တယ်။ maintain လုပ်ရတာလည်းလွယ်တယ်။ ဒါပေမယ့် small
network တွေ (host အနည်းငယ်သာချိတ်ဆက်ထားတဲ့ network တွေ) မှာဆိုရင်တော့ address
space တွေကို waste ဖြစ်စေတယ်။ ဥပမာ- host ၄ ခုသာပါတဲ့ network တစ်ခုဆိုပါတော့။ အခြား
subnet က 255.255.255.0 သုံးထားရင် သူလည်း 255.255.255.0 ကိုဘဲသုံးရမယ်။ ဒီ subnet mask နဲ့ host ပေါင်း ၂၅၄ ခုထိသုံးနိုင်ပါရက်နဲ့ ၄ ခုသာသုံးတဲ့အတွက်
IP address ပေါင်း ၂၅၀ ဟာ waste ဖြစ်သွားပါတယ်။
Static subnetting example
Class A network တစ်ခုကိုစဉ်းစားကြည့်ရအောင်။
IP address က အောက်ပါအတိုင်းဆိုပါတော့။
IP address က 9.67.38.1 (Class A) ပါ။ network address က 9 ပါ။
host address က 67.38.1 ပါ။ network administrator အနေနဲ့ bit position (ဘယ်ဘက်က စရေတွက်ပါ) 8 ကနေ 25 ထိကို subnet address အဖြစ်သတ်မှတ်ချင်တယ်ဆိုပါစို့။
ဒါဆို bit 26 to 31 က host address ပေါ့။
သူ့ရဲ့ subnet mask က 255.255.255.192 ဖြစ်ရပါမယ်။ binary နဲ့ဆိုရင်
11111111.11111111.11111111.11000000 ပါ။
indicates
netID subnet number hostID
Class A ဖြစ်တဲ့အတွက် bit 1 to 7 က netID ပါ။ subnet mask က 1 တွေရှိနေတဲ့အပိုင်းက
sutnet number ပါ။ ဒီမှာဆို bit 8 to 25 ပေါ့။ 0 တွေက host ညွန်ပြပါတယ်။ bit 26 to
31 က hostID ပေါ့။
Variable length subnetting
ဒီနည်းနဲ့ဆိုရင်တော့
network တစ်ခုကနေ ခွဲထားတဲ့ subnet တွေရဲ့ subnet mask တွေဟာ တူစရာမလိုပါဘူး။
small subnet (host အနည်းငယ်သာချိတ်ဆက်ထားတဲ့ subnet) ဟာ သူလိုတဲ့ mask ကိုသုံးနိုင်ပါတယ်။
host တွေအများကြီးချိတ်ထားတဲ့ subnet ဆိုရင်လည်း သူလိုအပ်တဲ့ mask ကိုသုံးနိုင်ပါတယ်။
small subnet ရော big subnet ရော same network ကနေခွဲထုတ်တားတာပေမယ့် သူတို့အသီးသီးရဲ့
subnet mask တွေဟာ မူလ network ရဲ့ subnet mask နဲ့ တူစရာမလိုပါဘူး။ ဒါကြောင့် address
space တွေ waste ဖြစ်တာမျိုးမရှိပါဘူး။
ဥပမာ-
Class C address 165.214.32.0 ကို ရထားတဲ့ corporation တစ်ခုကိုစဉ်းစားကြည့်ရအောင်။
သူက network 5 ခု ခွဲချင်တယ်ဆိုပါတော့။ host 5 ခုစီပါတဲ့ subnet က ၃ခု၊ host 30 စီပါတဲ့
subnet က ၂ ခုဆိုပါတော့။ ဒါဆို static subnetting နဲ့မရတော့ဘူး။ ဘာကြောင့်လည်းဆိုတော့
Class C ဆိုတော့ hostID က bit 24 to 31. Subnet ၅ခုခွဲဘို့ဆို အနည်းဆုံး bit 24 to
26 ကို subnet number အဖြစ်သတ်မှတ်ရမယ်။ (24 to 25 ဆိုရင် 2 bits ထဲမို့ subnet 4 ခုဘဲရမယ်။
လိုချင်တာက ၅ခု)။ (24 to 26 ဆိုရင် 3 bits မို့ subnet 8 ခုထိခွဲနိုင်မယ်။ ဒါပေမယ့်
hostID က 27 to 31 (5 bits) ကျန်တော့မယ်။ ဒါဆို subnet တစ်ခုမှာ host 32 ခုဘဲချိတ်နိုင်တော့မယ်။
လိုချင်တာက 50 hosts နဲ့ 30 hosts တို့လေ။ 30 hosts တွေအတွက်အဆင်ပြေပေမယ့် 50
hosts ချိတ်ချင်တဲ့ network အတွက်အဆင်မပြေပြန်ဘူး။) static subnetting ရဲ့ကန့်သတ်ချက်ကြောင့်
50 hosts လိုတဲ့ subnet တွေအတွက် subnet mask ကတစ်မျိုး 30 hosts လိုတဲ့ subnet တွေအတွက်
subnet mask ကတစ်မျိုးထားလို့မရဘူးလေ။ same subnet mask ကိုဘဲသုံးရမယ်လို့သတ်မှတ်ထားတယ်။
ဒါကြောင့် variable length subnetting ကိုသာအသုံးပြုပြီးခွဲရတော့မယ်။
Subnet mask
255.255.255.192 (11111111.11111111.11111111.11000000) ကိုသုံးပြီးခွဲပါမ့ယ်။ subnet ၄ ခုရပါမယ်။ subnet တစ်ခုမှာ host 64 ခုချိတ်နိုင်ပါမယ်။ စတုတ္ထမြောက်
subnet ကို နောက်ထပ် subnet 2ခုထပ်ခွဲပါမယ်။ (subnet တစ်ခုကနေ နောက်ထပ် subnet တွေထပ်ခွဲနိုင်တယ်ဆိုတာမြင်နိုင်ပါတယ်။)
နောက်ထပ်ခွဲထားတဲ့ subnet တစ်ခုမှာ host ၃၂ ခုစီချိတ်နိုင်ပါမယ်။ အသုံးပြုမယ့်
subnet mask ကတော့ 255.255.255.224 (11111111.11111111.11111111.11100000) ပါ။ (တကယ်ရနိုင်တာက subnet 8 ခုပါ။ ဒါပေမယ့် ၂ခုဘဲလိုတာမို့
၂ခုလို့ဘဲပြောတာပါ။) ခုဆိုရင် Subnet mask 255.255.255.192 ကိုသုံးပြီး host 64 ခုပါ
subnet 3 ခုနဲ့ host 32 ခုပါ subnet ၂ ခုကိုရပါပြီ။ လိုအပ်တာက (host 50 ပါ subnet ၃ခု)နဲ့
(host 30 ပါ subnet ၂ခု)ဆိုတော့ waste ဖြစ်တာသိပ်မရှိတော့ဘဲအဆင်ပြေသွားပါပြီ။
(subnet တွေအကြောင်းရှင်းပြတိုင်း သိပ်နားမလည်ကြတာကိုအတွေ့အကြုံအရသိထားပါတယ်။ ဒါကြောင့်ဒီစာဖတ်ပြီးမရှင်းလင်းတာရှိရင်
comment ချန်ထားပေးပါ။ နားမလည်တဲ့အပိုင်းကိုထပ်ရှင်းပေးပါမယ်။)
Determining the subnet mask
သာမန်အားဖြင့်ဆိုရင်
subnet mask တွေကို configuration file မှာသိမ်းထားလေ့ရှိပါတယ်။ ဒါပေမယ့် diskless
workstation တွေမှာတော့ မသိမ်းနိုင်ဘူးပေါ့။ ICMP မှာဆိုရင် address mask request နဲ့
address mask reply ဆိုတဲ့ message ၂ခုပါတယ်။ ဒီ message တွေသုံးပြီး subnet mask တွေကို
server ကနေရယူနိုင်တယ်။ address mask request message က server ထံမှ subnet mask ကိုတောင်းခံတဲ့
message ပေါ့။ address mask reply ကတော့ server က reply ပြန်ပေးတဲ့ message ပေါ့။
3.1.3. IP routing
IP layer ရဲ့ အရေးကြီးတဲ့
function ကတော့ IP routing ပါဘဲ။ physical network တွေကိုအပြန်အလှန်ချိတ်ဆက်ပေးဘို့
router တွေကိ IP routing ကိုသုံးရပါတယ်။ routing ဆိုတာ packet တစ်ခုကို သူသွားချင်တဲ့
destination ကိုရောက်အောင် သွားနိုင်တဲ့ လမ်းတွေအများကြီးရှိတဲ့အနက် အသင်တော်ဆုံးလမ်းကြောင်းကိုရွေးပေးတာပါဘဲ။
ဒါကို router တွေကလုပ်ပေးရတာပါ။ device တစ်ခုဟာ သာမန် host တစ်ခုအနေနဲ့ရော router
တစ်ခုအဖြစ်ပါ တစ်ပြိုင်နက်ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒီလို router မျိုးကို router
with partial routing information လို့ခေါ်ပါတယ်။ Full
function router တစ်ခုဖြစ်ဘို့ဆိုရင်တော့ နောက်ထပ် protocol တွေလိုသေးတာပေါ့။ IP
routing မှာ direct နဲ့ indirect routing ဆိုပြီး ၂ မျိုးရှိတယ်။
Direct routing
Destination host နဲ့ source host တို့ဟာ
physical network တစ်ခုထဲမှာချိတ်ဆက်ထားတာဆိုရင် IP datagram တွေကို တိုက်ရိုက်ပို့ယူနိုင်ပါတယ်။
ပို့ချင်တဲ့ IP datagram ကို physical network ထဲမှာ encapsulate (ထည့်)
ပြီးပို့ယုံပါဘဲ။ ဒါကို direct delivery လို့ခေါ်ပြီး direct
routing လို့ခေါ်ပါတယ်။
Indirect routing
Destination host နဲ့
source host တို့ဟာ network တစ်ခုထဲမှာချိတ်ဆက်ထားတာမျိုးမဟုတ်တဲ့အခါ indirect
routing နဲ့ပို့ရပါမယ်။ ဒီလိုအခြေအနေမျိုးမှာ destination ကိုရောက်ဘို့ဆိုရင် ကြားထဲက
IP gateway (router) တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ IP gateway တွေကတစ်ဆင့်ပို့ရပါမယ်။
ပထမဆုံးပို့ရမယ့် gateway ရဲ့ address ကို indirect route လို့ခေါ်ပါတယ်။ source
host ဟာ packet တစ်ခုကို destination host ကိုပို့ဘို့အတွက် လိုအပ်တဲ့ information
ဆိုလို့ first gateway ရဲ့ address သာဖြစ်ပါတယ်။ gateway အားလုံးရဲ့ address တွေကိုသိဘို့မလိုပါဘူး။
Physical network တစ်ခုမှာ
subnet တွေခွဲထားတယ်ဆိုပါတော့။ source နဲ့ destination host တွေဟာ ဒီ physical
network တစ်ခုထဲမှာရှိနေသော်လည်း subnet မတူဘူးဆိုရင် indirect routing နဲ့ဘဲပို့လို့ရတော့မယ်။
subnet ၂ခုကြားမှာ router ခံရတော့မယ်။
IP routing table
Host တစ်ခုစီမှာ
·
Destination IP network addresses
·
Routes to next gateways
ဆိုတဲ့ information တွေရှိပါတယ်။ ဒီ Information တွေကို IP routing
table ထဲမှာသိမ်းထားပါတယ်။
ဒီ network အတွက် Host D ရဲ့ routing table ကိုလေ့လာကြည့်ရအောင်။
D ဟာ 128.15.0.0 network နဲ့တိုက်ရိုက်ချိတ်ထားတယ်။ ဒါကြောင့် အဲဒီ
network ကို packet ပို့ဘို့ဆို direct route နဲ့သွားနိုင်တယ်။ ဒါပေမယ့် 129.7.0.0
နဲ့ 128.10.0.0 ကိုပို့ဘို့ဆိုရင်တော့ E တို့ B တို့ကိုအသီးသီးသုံးပြီး indirect
rout နဲ့ပို့ရမယ်။
3.1.9. IP datagram
IP network မှာ data
တွေကို transfer လုပ်တဲ့ unit ကို IP datagram လို့ခေါ်တယ်။ datagram တစ်ခုမှာ
header နဲ့ data ဆိုပြီး ၂ပိုင်းပါတယ်။
IP datagram ကို
physical frame ရဲ့ data portion မှာထည့်ပြီး transmit လုပ်ရပါတယ်။ ပုံမှာပြထားတဲ့အတိုင်းပါ။
Datagram တွေကိုလိုအပ်ရင်
fragment လုပ်ရပါတယ်။ ပြီးရင် reassemble ပြန်လုပ်ရပါတယ်။ ဒါကို IP ကလုပ်ပေးတာပါ။
IP datagram တစ်ခုရဲ့ maximum length က 65535 octets ဖြစ်ပါတယ်။ IP host တိုင်းဟာ အနည်းဆုံး
576 octets ရှိတဲ့ datagram တွေကို fragmentation မလုပ်ဘဲ ကိုင်တွယ်နိုင်ရပါမယ်။
Datagram တစ်ခုရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့
fragment တိုင်းမှာ မူရင်း datagram ရဲ့ header ပါရှိပါတယ်။ ဒါကြောင့် fragment တစ်ခုကို
သာမန် datagram တစ်ခုအဖြစ်နဲ့မှတ်ယူပေးပို့ရပါတယ်။ fragment တစ်ခု lost ဖြစ်သွားရင်
datagram တစ်ခုလုံး lost ဖြစ်သွားပါတယ်။ ဆိုလိုတာက datagram တစ်ခုကို fragment 10 ခု
ခွဲပြီးပို့တယ်ဆိုပါတော့။ fragment 9 ခုကရောက်တယ်။ ကျန်တဲ့ တစ်ခုက lost ဖြစ်သွားတယ်ဆိုရင်
ရောက်တဲ့ fragment 9 ခုကိုပါ discard (ဖြုတ်ချ)ပစ်လိုက်ရတယ်။ ဒါကြောင့် အနည်းဆုံး
fragment တစ်ခု lost ဖြစ်တာနဲ့ datagram တစ်ခုလုံး lost ဖြစ်သွားပါတယ်။
IP datagram format
IP datagram ရဲ့
header ဟာအနည်းဆုံး 20 octets ရှိရပါတယ်။
·
VERS: IP protocol version ပါ။ 4, 5, 6 အစရှိသဖြင့်ပေါ့။
·
HLEN: IP header ရဲ့ length ပါ။
·
Service Type: quality of service ပါ။
·
Total length: datagram ရဲ့ header ရော data ရော ၂ခုပေါင်းရဲ့
length ပါ။
·
Identification: fragment တွေကို datagram အဖြစ် reassemble လုပ်ရမှာ
အသုံးပြုဘို့အတွက် sender က ပေးရတဲ့ number ပါ။ datagram တစ်ခုက ခွဲထားတဲ့
fragment တိုင်းရဲ့ identification number ဟာ တူတူဘဲဖြစ်ရပါမယ်။
·
Flags:
DF field က 0 ဆိုရင်
ဒီ datagram ကို fragment လုပ်ခွင့်ပြုတယ်။ 1 ဆိုရင် ခွင့်မပြုဘူး။
MF field က 0 ဆိုရင်
ဒီ fragment ဟာ datagram ရဲ့ နောက်ဆုံးအပိုင်းဖြစ်တယ်။ 1 ဆိုရင် ဒီ fragment နောက်မှာ
နောက်ထပ် fragment တွေရှိသေးတယ်။
·
Fragment Offset: reassemble လုပ်ဘို့သုံးတယ်။ ဒီ fragment လေးဟာ မူရင်း
datagram ရဲ့ဘယ်နေရာမှာရှိတယ်ဆိုတာဖော်ပြတယ်။ မူရင်း datagram ရဲ့ ပထမဆုံး
fragment ဆိုရင် ဒီ field မှာ 0 ပေါ့။
·
Time to live: datagram ရဲ့ network ထဲမှာနေခွင့်ရတဲ့အချိန်ပါ။ seconds
နဲ့သတ်မှတ်ပါတယ်။ သီအိုရီအရ ဒီ datagram ကို process လုပ်တဲ့ router ဟာ သူ့ရဲ့
processing time ကို ဒီ field ထဲမှာပါတဲ့ တန်ဘိုးထဲကနှုတ်ပေးရမှာပါ။ (Time to Live
value – processing time)။ လက်တွေ့မှာတော့ router တစ်ခုက datagram တစ်ခုကို
process လုပ်တာ 1 second လောက်ဘဲကြာပါတယ်။ ဒါကြောင့် datagram တစ်ခုဟာ router တစ်ခုကို
ရောက်သွားတိုင်း time to live value ထဲက 1 ခုလျော့သွားပါတယ်။ ဒီလိုနဲ့ TTL ဟာ အချိန်မဟုတ်တော့ဘဲ
hop-count (number of routers) ဖြစ်သွားပါတယ်။ ဒီ value zero ဖြစ်သွားရင်တော့ ဒီ
datagram ကို discard လုပ်ပြစ်ရပါတယ်။
·
Protocol Number:
·
Header Checksum: header မှာပါတဲ့ information တွေရဲ့ checksum
value ပါ။ header checksum နဲ့ contents ကိုက်ညီမှုမရှိရင် datagram ကို discard လုပ်ပါတယ်။
·
Source IP Address: datagram ကို ပို့တဲ့ sender ရဲ့ 32-bit IP
address ပါ။
·
Destination IP address: ဒီ datagram ရောက်ရမယ့် host ရဲ့ 32-bit
IP address ပါ။
·
Options:
·
Padding: option ကိုသုံးဖြစ်ပြီး option က 32 bits ရဲ့ integer
multiple မဖြစ်ရင် ဖြစ်အောင် 0 တွေဖြည့်ပေးရပါတယ်။
·
Data: အမှန်တကယ်ပို့ချင်တဲ့ data ကို ဒီ field မှာထည့်ရပါတယ်။
Fragmentation
IP datagram တစ်ခုဟာ
host တစ်ခုကနေ အခြား host တစ်ခုကို သွားတဲ့အခါကြားထဲမှာ physical network အမျိုးမျိုးကိုဖြတ်သွားရတယ်။
Physical network တစ်ခုစီမှာ သူတို့ကိုယ်တွယ်ပေးနိုင်တဲ့ maximum frame size ရှိတယ်။
ဒါကို maximum transmission unit (MTU) လို့ခေါ်တယ်။
Datagram တစ်ခုရဲ့
size ဟာ သူဖြတ်သွားရမယ့် network က ဆောင်ရွက်ပေးနိုင်တဲ့ MTU ထက်ကြီးနေပြီဆိုရင် အဲဒီ
datagram ကို fragment လုပ်ပေးရမယ်။ fragme တစ်ခုချင်းရဲ့ size ဟာ MTU ထက်မကြီးရဘူး။
receiving host ကသူ့ဆီရောက်လာတဲ့ fragment တွေကို datagram ပြန်ဖြစ်အောင်
reassemble ပြန်လုပ်ပေးရတယ်။ MTU ဟာ အနည်းဆုံး 68 octets ရှိဘို့တော့လိုတယ်။ ဒါက အသေးဆုံး
datagram တစ်ခုမှာပါဝင်မယ့် IP header အတွက် 60 octets နဲ့ အနည်းဆုံး data ပမာဏ 8
octets အတွက်ပါ။
Fragment မလုပ်ထားတဲ့
datagram တစ်ခုရဲ့ fragment information field ဟာ 0 တွေဘဲဖြစ်တယ်။ ဆိုလိုတာက more
fragments flag bit ကလည်း 0 fragment offset field ကလည်း 0 ဘဲပေါ့။ datagram တစ်ခုကို
fragment လုပ်ဘို့ဆိုရင်
1.
Fragmentation လုပ်ခွင့်ပြုမပြုဆိုတာသိဘို့ DF flag bit ကို ကြည့်ရတယ်။
DF flag bit က 1 ဖြစ်ရင် လုပ်ခွင့်မပြုဘူးဆိုတဲ့သဘောဘဲ။ fragment မလုပ်ရင်လည်း ပို့လို့ကမရဘူး။
ဒီတော့ အဲဒီ datagram ကို discard လုပ်ပြီး sender ဆီကို ICMP error massage ပြန်ပို့လိုက်ရတယ်။
2.
DF flag bit က 0 ဆိုရင်တော့ MTU size ပေါ်မူတည်ပြီး data ကို နှစ်ပိုင်း
သို့မဟုတ် လိုသလောက်ပိုင်းရတယ်။ အသစ်ပိုင်းလိုက်တဲ့ data (fragmment) ရဲ့ length ဟာ
8 octets ရဲ့ multiple တော့ဖြစ်ရမယ်။ နောက်ဆုံးအပိုင်းကတော့ 8 octets ရဲ့ multiple
ဖြစ်ချင်မှဖြစ်မယ်။
3.
ပိုင်းလို့ရလာတဲ့ fragment တစ်ခုစီကို IP datagram ရဲ data portion
ထဲထည့်ရတယ်။ header portion မှာတော့ မူလ datagram ရဲ့header ကိုဘဲပြန်ထည့်တယ်။ နည်းနည်းပြောင်းရတာလေးတော့ရှိတယ်။
a.
နောက်ဆုံး fragment ကလွဲပြီး ကျန်တဲ့ fragment တိုင်းရဲ့ more
fragment flag bit ကို 1 ထားရတယ်။
b.
Fragment offset field မှာတော့ ဒီ fragment လေးရဲ့ original
datagram မှာ နေရာယူခဲ့တဲ့ location ကိုထည့်ရတယ်။
c.
မူလ datagram မှာ options ပါခဲ့တယ်ဆိုရင် option type byte ရဲ့
high order bit ကိုကြည့်ပြီး ဒီ information ကို fragment အားလုံးမှာထည့်မလား သို့မဟုတ်
ပထမဆုံး fragment မှာဘဲထည့်မလားဆိုတာကိုဆုံးဖြတ်ရတယ်။ source route options ဆိုရင်တော့
ဒီ information ကို fragment အားလုံးမှာထည့်ရမယ်။
d.
အသစ်ဖြစ်လာတဲ့ datagram ရဲ့ header length ကို set လုပ်ရတယ်။
e.
အသစ်ဖြစ်လာတဲ့ datagram ရဲ့ total length ကို set လုပ်ရတယ်။
f.
Header checksum field ကို ပြန်တွက်ရတယ်။
4.
ဒီ fragment လေးတွေကို datagram အဖြစ် ဆောင်ရွက်ပြီးနောက်မှာ သာမန်
datagram တစ်ခုအဖြစ် forward လုပ်ပါတယ်။ သက်ဆိုင်ရာ destination ကိုရောက်ဘို့အတွက်
router အသီးသီးကိုဖြတ်သွားနိုင်တယ်။ ဖြတ်သွားရာလမ်းကြောင်းမှာရှိတဲ့ network တွေရဲ့
MTU ဟာ ဒီ fragment ကိုသယ်ဆောင်လာတဲ့ datagram length ထက်ငယ်နေတယ်ဆိုရင် ထပ်ပြီး
fragment လုပ်နိုင်သေးတယ်။ destination host ကိုရောက်ပြီဆိုရင်တော့ fragment တွေအားလုံးပြန်ပေါင်းပြီး
မူလ datagram တစ်ခုဖြစ်အောင်ပြန်ုလုပ်ရတယ်။ destination host ကို ပထမဆုံး fragment
တစ်ခုရောက်လာပြီဆိုတာနဲ့ storage buffer တစ်ခုသတ်မှတ်ပြီး timer ကို လည်းစတင်လိုက်တယ်။
ရောက်လာသမျှ fragment တွေကို buffer ထဲမှာ ထားတယ်။ နေရာအစီအစဉ်ကတော့ fragment
offset field ကိုကြည့်ရတာပေါ့။ အားလုံးစုံရင် မူလ datagram ပြန်ရပြီပေါ့။ တကယ်လို့များ
timer expire ဖြစ်သွားတဲ့အထိ အချို့ fragment တွေရောက်လာဘူးဆိုရင်တော့ ရောက်နေတဲ့
fragment တွေကို discard လုပ်လိုက်ရတဲ့အတွက် datagram တစ်ခုလုံး lost ဖြစ်သွားပါရော။
netstar command ကိုသုံးပြီး fragmentation နဲ့ပတ်သက်ပြီး အသေးစိတ်ကို ကြည့်နိုင်ပါတယ်။
CHAPTER 4
TRANSPORT LAYER
PROTOCOLS
protocol ဆိုတာ a set of rules တဲ့။
ဘယ်လို rule တွေလည်းဆိုတော့ လူအချင်းချင်း၊ နိုင်ငံအချင်းချင်း၊ ကွန်ပျူတာအချင်းချင်းအဆင်ပြေပြေ
ဆက်သွယ်နိုင်အောင် နှစ်ဘက်စလုံးကလိုက်နာရမယ့် rule တွေပါ။ ဥပမာ-A က B ကို phone ခေါ်ချင်ရင်
B ရဲ့ နံပါတ်ကိုနှိပ်ပြီးခေါ်ရပါတယ်။ B က ဖုန်းကိုလက်ခံရပါတယ်။ ဒါဆို သူတို့ ၂ ယောက်ကြားမှာ
ဆက်သွယ်ရေးလိုင်းတစ်ခုပွင့်သွားပါပြီ။ B ကစပြီး
hello လို့ပြောရပါတယ်။ အဲဒီအခါမှာ A က
သူဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ပြောပြီး တစ်လှည့်ဆီစကားပြောရပါတယ်။ ပြီးရင်ပြီးကြောင်းတစ်ဘက်က
စ ပြောရပါတယ်။ ကျန်တစ်ဘက်ကလည်း ပြီးဆုံးကြောင်းအသိအမှတ်ပြုရပါတယ်။ ပြီးမှ ဖုန်းကို
အသီးသီးချပြီးဆက်သွယ်မှုပြီးဆုံးပါတယ်။ ဒါဟာ လူတစ်ယောက်နဲ့တစ်ယောက် ဖုန်းနဲ့ဆက်သွယ်ရမှာ
လိုက်နာရမယ့် rule တွေပါဘဲ။ ကိုယ်ပြောချင်တာပြောပြီး ဖုန်းချလိုက်ရင် တစ်ဘက်သူက
စိတ်ဆိုးပြီးဖုန်းချသွားတာလား။ ဖုန်းလိုင်းပျက်သွားတာလား မဝေခွဲနိုင်ဖြစ်တတ်ပါတယ်။
ကွန်ပျူတာအချင်းချင်းဆက်သွယ်ရာမှာလည်း
အဆင်ပြေအောင် နှစ်ဘက်လုံးက လိုက်နာရမယ့် rule တွေရှိပါတယ်။ အဲဒါကို protocol လို့ခေါ်တာပါ။
အင်တာနတ်မှာအသုံးပြုတဲ့ protocol က TCP/IP ပါ။ ဒီ protocol ၂ခုဘဲရှိတာတော့မဟုတ်ပါဘူး။
TCP/IP protocol suite လို့ပြောရမှာပါ။ အခြား
protocol တွေလည်းအများကြီးရှိပါသေးတယ်။ ဒါပေမယ့် ဒီ၂ခုက အခြေခံကျပြီး အရေးအကြီးဆုံးမို့အမည်တပ်ပြီးပြောရတာပါ။
4.1. Ports and
Sockets (Sockets အကြောင်းတော့နောက်မှရေးမယ်)
IP (Internet Protocol)ရဲ့အလုပ်က
data တွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင်ဆောင်ရွက်ပေးဘို့ပါ။ ဥပမာ-
computer A က computer B မှာရှိနေတဲ့ application တစ်ခုထံ data M ကိုပို့ချင်တယ်ဆိုရင်
computer B ဆီကို data M ရောက်သွားအောင်ပို့ပေးဘို့က IP ရဲ့တာဝန်ပါ။ အင်တာနတ်မှာ ဒီလောက်
computer တွေအများကြီးထဲက B ကိုဘယ်လို identify လုပ်မလည်းဆိုရင်တော့ IP address နဲ့
identify လုပ်တာပါ။ အင်တာနတ်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတိုင်းမှာ IP address ရှိပါတယ်။
ဒီ IP address တွေဟာ unique ဖြစ်ပါတယ်။ ဆိုလိုတာက အင်တာနတ်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတစ်လုံးရဲ့
IP address ဟာ အခြား computer တစ်လုံးရဲ့ address နဲ့တူလို့မရပါဘူး။ Computer B ကိုရောက်သွားတာနဲ့
IP ရဲ့တာဝန်ပြီးဆုံးပါတယ်။
ဒါပေမယ့် computer B ဟာ ultimate
destination မဟုတ်သေးပါဘူး။ computer B မှာ application တွေအများကြီးရှိပါသေးတယ်။ အဲဒီ
application တွေထဲမှာမှ A ကပို့ချင်တဲ့ application ဆီကို ရောက်အောင် ဆောင်ရွက်ပေးဘို့လိုပါသေးတယ်။
အဲဒါကို တာဝန်ယူရတဲ့ protocol က TCP (Transmission Control Protocol) ပါ။ ဒီလောက်
application တွေအများကြီးထဲက A ပို့ချင်တဲ့ application ကို အခြား application တွေနဲ့ဘယ်လိုခွဲခြားသလဲဆိုတော့
port numberနဲ့ခွဲခြားတာပါ။ application တစ်ခုချင်းဆီမှာ port number တွေပေးထားပါတယ်။
4.1.1.
Ports
Port number ဆိုတာ 16 bits ရှိတဲ့
integer value တစ်ခုပါ။ port ၂မျိုးရှိတယ်။ Well-known port နဲ့ Ephemeral ပါ။ Well-known
port number တွေဟာ ၁ ကနေ ၁၀၂၃ ထိရှိပါတယ်။ server အများစုက port တစ်ခုသာလိုပေမယ့် အချို့
server တွေကတော့ port 2 ခုသုံးလေ့ရှိပါတယ်။ ဥပမာ- BOOTP server ဆိုရင် port number
67 and 68 ကိုသုံးတယ်။ FTP server ဆိုရင် port number 20 and 21 ကိုသုံးတယ်။
well-known port တွေကို Internet Assigned Number Authority (IANA) က သတ်မှတ်ပေးပြီး
အဲဒီအဖွဲ့ကဘဲ control လုပ်တယ်။
Ephemeral port number တွေကတော့ ၁၀၂၃
ရဲ့အထက်က number တွေပေါ့။ ၁၀၂၄ ကနေ ၆၅၅၃၅ ထိရှိတယ်။ Ephemeral port တွေကိုတော့
IANA က control လုပ်တာမဟုတ်ဘူး။
4.1.2.
Sockets (နောက်မှရေးပါမယ်။)
4.2. User Datagram
Protocol (UDP)
Transport layer မှာ အလုပ်လုပ်တဲ့
protocol ၂ခု ကတော့ TCP နဲ့ UDP ပါ။ TCP ကို အင်တာနတ်မှာသုံးပြီး UDP ကိုတော့ LAN မှာသုံးလေ့ရှိတယ်။
LAN မှာ TCP လည်းသုံးလို့ရပါတယ်။ ကွာခြားချက်ကတော့ TCP က reliable ဖြစ်တယ်။ UDP ကတော့
unreliable ပေါ့။ UDP datagram တွေကိုပို့တဲ့အခါ IP datagram ရဲ့ data portion မှာထည့်ပြီးပို့တယ်။
transmission လုပ်တဲ့အခါ IP datagram တွေကို fragment လုပ်ပြီးပို့ရလေ့ရှိတယ်။ ပို့ချင်တဲ့
IP datagram က ဖြတ်သွားရမယ့် network ရဲ့ MTU (Maximum Trasfer Unit) ထက်ပိုနေရင်ပေါ့။
fragment လုပ်တယ်ဆိုတာ datagram ကို အပိုင်းလေးတွေပိုင်းလိုက်တာပါ။ လက်ခံရရှိတဲ့ စက်မှာရှိတဲ့
IP က reassemble (မူလ datagram အတိုင်းဖြစ်အောင်) ပြန်လုပ်ပေးရတယ်။ ပြီးမှ သူ့အထက်
(Transport Layer)မှာရှိတဲ့ UDP ဆီကိုပို့ပေးရတယ်။
4.2.1.
UDP datagram format
UDP datagram ရဲ့ header မှာ field
က ၄ ခုရှိတယ်။ field တစ်ခုကို 2-byte နှုန်းနဲ့ စုစုပေါင်း 8-byte ပေါ့။ ပထမ field က
Source Port တဲ့။ ဒီ field မှာ sending process (application) ရဲ့ port number ထည့်ရတယ်။
ဒါမှ reply ပြန်တဲ့အခါ ဘယ် port ကိုပြန်ရမယ်ဆိုတာသိမှာပေါ့။ စာရေးတဲ့အခါ ပို့ချင်တဲ့လိပ်စာသာမက
ပို့တဲ့သူရဲ့လိပ်စာကိုပါထည့်ပေးလေ့ရှိတဲ့သဘောပေါ့။ နောက်တစ်ခုက Destination Port ပါ။ ဒီ filed ထဲမှာတော့ ကိုပို့ချင်တဲ့
destination process ရဲ့ port number ကိုထည့်ပေးရတယ်။ နောက်တစ်ခုက Length filed။ UDP
datagram ရဲ့ length ကိုထည့်ပေးရတယ်။ data ရော header ရော ၂ခုလုံးရဲ့ length ပေါ့။
နောက်တစ်ခုက checksum field။ pseudo-header, UDP header နဲ့ UDP data တွေရဲ့one’s
complement sum ကို one’s complement လုပ်ထားတဲ့ 16-bit ရှိတဲ့ number တစ်ခုပါ။
Pseudo-header
မှာ source and destination IP address, protocol and UDP length တွေပါတယ်။ Checksum
တွက်တဲ့အခါသာ pseudo-header ကိုထည့်တွက်ပေမယ့် တကယ်တမ်းပို့တဲ့အခါ သူ့ကိုထည့်မပို့ဘူး။
UDP ရော IP ပါ delivery, flow-control,
error recovery တွေကို guarantee မပေးနိုင်ဘူး။
ဒါကြောင့် application တွေမှာ ဒါတွေထည့်ရေးပေးထားရတယ်။ TCP ကတော့ ဒါတွေကို
guarantee ပေးနိုင်တယ်။ ဒါကြောင့် TCP ကိုသုံးတဲ့ application တွေအတွက်
application programmer တွေဟာ flow-control, error recovery တွေကိုထည့်ရေးပေးစရာမလိုလို့
သက်သာမှုရစေတယ်။ ပြောရရင် UDP and IP က unreliable ပါ။ TCP ကတော့ reliable ဖြစ်တယ်။
ဒါကြောင့် TCP implementation ကပိုရှုပ်ထွေးတယ်။ သူက reliable ဖြစ်အောင် function တွေအများကြီးထပ်ထည့်ပေးရတာဆိုတော့လေ။
4.2.2. UDP application programming interface
UDP ကို အသုံးပြုတဲ့
application တွေကတော့
·
Trivial File Transfer Protocol (TFTP)
·
Domain Name System name server
·
Remote Procedure Call (RPC) (Network File System ကအသုံးပြုတာ)
·
Simple Network Management Protocol (SNMP)
·
Lightweight Directory Access Protocol (LDAP)
4.3. Transmission
Control Protocol (TCP)
TCP က UDP ထက် facility ပိုများတယ်။ UDP
မှာမပါတဲ့ error recovery, flow control နဲ့ reliability တွေပေးနိုင်တယ်။ TCP ဟာ
connection-oriented protocol ဖြစ်တယ်။ UDP ကတော့ connectionless ပေါ့။ Telnet တို့
FTP တို့ဟာ TCP ကိုအသုံးပြုတယ်။
4.3.1. TCP concept
TCP ရဲ့မူလရည်ရွယ်ချက်က process ၂ခုကြား
reliable ဖြစ်တဲ့ connection တစ်ခုကို တည်ဆောက်ပေးနိုင်ဘို့ပါ။ သူလုပ်ပေးတာတွေက
Stream data transfer: TCP
ဟာ data တွေကို ပို့တဲ့အခါ contiguous stream of bytes အဖြစ်နဲ့ပို့ပေးတယ်။
application အနေနဲ့ data တွေကို block တွေ datagram တွေဖြစ်အောင် ပိုင်းပေးဘို့မလိုတော့ဘူး။
TCP ကဘဲ data တွေကို TCP segmet လေးတွေအဖြစ်
လုပ်ပေးတယ်။ အဲဒီ segment လေးတွေကို lower layer (Network layer) မှာရှိတဲ့ IP
layer ကိုပို့ပေးတယ်။ data တွေကို segment တွေဖြစ်အောင်ဘယ်လိုပိုင်းမလဲဆိုတာကို
TCP ကသူ့ဘာသာဆုံးဖြတ်တယ်။ (ဆက်ရန်)
No comments:
Post a Comment