https://docs.google.com/folder/d/0B7h4BheTvCYRQUZjbFBDVXRHOVU/edit
or
https://dl.dropbox.com/u/94729309/c%2B%2B%20in%20myanmar.docx
Programming language ဆိုတာဘာလဲ
or
https://dl.dropbox.com/u/94729309/c%2B%2B%20in%20myanmar.docx
Programming language ဆိုတာဘာလဲ
ကွန်ပျူတာတစ်လုံး မှာ hardware နဲ့ software ဆိုပြီး အဓိက
၂ပိုင်းပါပါတယ်။ hardware ကို software ကခိုင်းစေတာပါ။
software ဆိုတာ program တွေနဲ့ဖွဲ့စည်းထားတာပါ။
program ဆိုတာကလည်း ကွန်ပျူတာကိုခိုင်းစေတဲ့
instruction တွေနဲ့ဖွဲ့စည်းထား တာပါ။
computer ကိုခိုင်းတဲ့အခါ computer နားလည်တဲ့ ဘာသာစကား
(language) နဲ့ခိုင်းရပါမယ်။
အဲဒါကို computer programming language လို့ခေါ်ပါတယ်။
computer programming language တွေအများကြီးရှိပါတယ်။
အဲဒီထဲကမှ C++ programming language နဲ့ program ရေးနည်းကိုတင်ပြသွားမှာပါ။
language တစ်ခုတတ်မြောက်ထားရင် အခြား language တွေကိုအလွယ်တကူ လေ့လာနိုင်မှာဖြစ်ပါတယ်။
ဘယ်သူတွေအတွက်လည်း
C++ programming language ကို အခြေခံကစပြီးလေ့လာလိုသူတွေအတွက်ပါ။
အနိမ့်ဆုံးလိုအပ်ချက်
အင်္ဂလိပ်စာရေးတတ်ဖတ်တတ်ပြီး ကွန်ပျူတာကိုလည်းအခြေခံလောက်
သုံးတတ်ဘို့ လိုပါတယ်။
စိတ်အားထက်သန်မှုနဲ့ ထိုက်သင့်တဲ့ညဏ်ရည်ရှိရင် လေ့လာလို့ရပါတယ်။
ကွန်ပျူတာတစ်လုံးလည်းရှိဘို့လိုတာပေါ့။
Install လုပ်နည်း
ဒီလင့်ကနေ Turbo C ကို download ဆွဲပြီး unzip လုပ်ပါ။
ပြီးရင် Turbo C++ ဆိုတဲ့ folder ထဲက TURBOC ဆိုတာကို double click လုပ်ပြီး ကွန်ပျူတာထဲမှာ
install လုပ်ထားလိုက်ပါ။
default အတိုင်းဆို c drive အောက်မှာ tc ဆိုတဲ့ folder
တစ်ခုဖြစ်လာပါလိမ့်မယ်။
tc folder ထဲမှာ လိုအပ်တာတွေအားလုံးပါဝင်ပါလိမ့်မယ်။
File name ပေးနည်း၊
code ရေးနည်း၊ save လုပ်နည်း၊ compile လုပ်နည်း၊ run နည်း
1. Keyboard ပေါ်က windows key နဲ့ R
key ကိုတွဲနှိပ်လိုက်ပါ။ Run dialog box ပေါ်လာမယ်။ Open ဘေးမှာ c:\tc\bin\tc လို့ရိုက်ထည့်ပြီး
enter ခေါက်လိုက်ပါ။ အောက်ကပုံပေါ်လာမယ်။
2. Program တစ်ပုဒ်ရေးတော့မယ်ဆို ဖိုင်အသစ်တစ်ခုဖွင့်ရပါမယ်။
File>>New>>
3. File ကို အမည်ပေးရပါမယ်။
File>>Save as…>>
Save Fils
as dialog box ပေါ်လာရင် d:\test\eg1.cpp လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။
C drive အောက်မှာထားလည်းရပါတယ်။
test လို့မပေးလည်းကြိုက်ရာပေးလို့ ရပါတယ်။ eg1 လို့မပေးဘဲကြိုက်ရာပေးလို့ရပါတယ်။ ဒါပေမယ့်
file name နောက်က extension ကိုတော့ cpp လို့ပေးရပါမယ်။ ခုဆိုရင် d drive အောက်မှာ
test ဆိုတဲ့ folder တစ်ခုဆောက်ပြီး အဲဒီအောက်မှာ eg1.cpp ဆိုတဲ့ file အသစ်တစ်ခုရှိနေပါပြီ။
အဲဒီထဲမှာဘာမှတော့မရှိသေးပါဘူး။
4. Code တွေရေးထည့်ဘို့အပေါ်မှာမြင်ရတဲ့အတိုင်း
editor တစ်ခုရပါပြီ။ အခု အလွယ်ကူဆုံး program တစ်ခုစရေးပါမယ်။ အောက်ပါ code တွေကို
source code လို့ခေါ်ပါတယ်။ အဲဒီအတိုင်း editor မှာရေးထည့်လိုက်ပါ။ တစ်လုံးမှမလွဲစေနဲ့။
စာလုံးအကြီးအသေးကအစမမှားပါစေနဲ့။
#include
<iostream.h>
void
main()
{
cout <<
"Hello! World! ";
}
5. ပြီးရင် save လုပ်ပါ။ F2 ကိုနှိပ်ရင်
sava လုပ်တာပါဘဲ။ သိပ်များတဲ့ code တွေရေးတဲ့အခါ မကြာမကြာ save လုပ်သင့်ပါတယ်။ ရိုက်နေတုန်းမီးပျက်သွားရင်
save လုပ်ထားတဲ့အတွက်ရိုက်ပြီးသမျှလေးတွေအလကားဖြစ်မသွားဘူးပေါ့။ F2 နှပ်ရုံဘဲဆိုတော့။
6.
Compile
လုပ်ရပါမယ်။ Alt + F9 နှိပ်ပါ။
Compile လုပ်တယ်ဆိုတာ programmer ဘက်ကကြည့်ရင်
ကိုယ်ရေးထားတဲ့ source code မှာ အမှားရှိမရှိစစ်တဲ့သဘောပါ။ အမှားရှိရင်အမှားတွေကို
ထောက်ပြပါလိမ့်မယ်။ မရှိဘူးဆိုရင်တော့ run နိုင်ပါပြီ။
7. Run ဘို့အတွက် Ctrl + F9 ကိုနှိပ်ပါ။
ဘာမှမြင်ရမှာမဟုတ်ပါဘူး။ Alt + F5 နှိပ်လိုက်မှ program ရဲ့ out put ကို အောက်ပါအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။
ပြီးရင်တော့ enter ခေါက်လိုက်ပါ။ မူလ source code editor ဆီပြန်ရောက်သွားပါမယ်။
8. လက်ရှိဖွင့်ထားတဲ့ဖိုင်ကိုပိတ်ချင်ရင်
source code တွေရဲ့ ဘယ်ဘက်အပေါ်ထောင့်က အစိမ်းရောင်လေးထောင့်တုံးလေးကို click လိုက်ပါ။
editor ထဲကအပြီးထွက်ချင်ရင်တော့ Alt + x ကိုနှိပ်ပါ။
9. ကိုယ်သိမ်းထားတဲ့ဖိုင်တစ်ခုကိုပြန်ဖွင့်ချင်ရင်
F3 ကိုနှိပ်ပါ။ Open a File dialog box ပေါ်လာရင် ကိုယ်သိမ်းထားတဲ့ file အမည်ကို
path နဲ့တကွရိုက်ထည့်ပြီး enter ခေါက်ပါ။ file name မေ့သွားလည်း *.cpp လို့ရိုက်ထည့်ပြီး enter ခေါက်ပါ။ extension
cpp ဖြစ်တဲ့ ဖိုင်တွေကိုထုတ်ပြပါမယ်။ အဲဒီထဲကမှကိုယ်ဖွင့်လိုတဲ့ဖိုင်ရွေးပြီးဖွင့်ပါ။
Coding
အကြောင်းရှင်းလင်းချက်
eg1.cpp
#include
<iostream.h>
void
main()
{
cout << "Hello!
World! ";
}
1. //
// သင်္ကေတနောက်က
ဘယ် text ကိုမဆို compiler က ignore လုပ်ပါတယ်။
2. #include<iostream.h>
program ထဲမှာအသုံးပြုမယ့်
function တွေရဲ့ declaration နဲ့ definition တွေရေးထားတဲ့ ဖိုင်အမည်ကိုဒီလိုရေးပေးရပါတယ်။
iostream.h ဆိုတာ cin နဲ့ cout အတွက် declaration နဲ့ definition တွေရေးထားတဲ့ဖိုင်ပါ။
3.
void
main()
program တိုင်းမှာ အနည်းဆုံး
function တစ်ခုရှိရပါမယ်။ အဲဒီ function ဟာ main function ဖြစ်ပါတယ်။ void ဆိုတာ
main function က return မပြန်ဘူးလို့ဆိုလိုတာပါ။ main ဆိုတာ function အမည်ပါ။
function အမည်ရဲ့နောက်မှာ () ပါပါတယ်။ main function ရဲ့အစကို { နဲ့စပြီး အဆုံးကို
} နဲ့ဆုံးပါတယ်။ {} ထဲမှာ statement တွေရေးရပါမယ်။
4.
cout<<”Hello!
World!”;
Hello! World! ဆိုတဲ့ text တစ်ခုကို
computer screen မှာမြင်ရဘို့ရေးတဲ့ statement ပါ။ အဲဒီလိုပေါ်ဘို့ cout ကိုသုံးရပါတယ်။
cout ကို သုံးမှာမို့ စစချင်း #include<iostream.h> လို့ရေးခဲ့ရတာပါ။ “” အတွင်းမှာ
ကိုယ်ပေါ်ချင်တဲ့ text ကိုရေးရပါတယ်။ statement တစ်ကြောင်းဆုံးတိုင်း ; ထည့်ရပါတယ်။
5.
ဒီ
program ကို save လုပ်ပါ။ compile လုပ်ပါ။ error မရှိရင် run ပါ။ Hello! World! ဆိုတဲ့
text တစ်ခုပေါ်လာပါလိမ့်မယ်။ ကိုယ်ကြိုက်ရာ text တစ်ခုနဲ့အစားထိုးပြီး run ကြည့်ပါဦး။
6.
Program
ကို run တိုင်း Alt + F5 နှိပ်နေရတာမနှိပ်ချင်ဘူး။ run ပြီးတာနဲ့ output ကို တန်းမြင်ချင်တယ်ဆိုရင်တော့
code နည်းနည်းထပ်ထည့်ရုံပါဘဲ။ getch() ဆိုတဲ့ function ကိုထည့်ရမှာပါ။ getch() ဆိုတဲ့
function ကိုသုံးရင် conio.h ဆိုတဲ့ header file ကိုရေးပေးရပါမယ်။ အောက်မှာကြည့်ပါ။
#include
<iostream.h>
#include <conio.h>
void
main()
{
cout
<< "Hello! World! ";
getch();
}
#include <conio.h> ဆိုတဲ့
header file က getch() ဆိုတဲ့ function ကိုအသုံးပြုမှာမို့ထည့်ရတာပါ။
အရင် run ထားတဲ့ output တွေကို screen ပေါ်ကရှင်းပစ်ချင်တယ်ဆိုရင် clrscr() ဆိုတဲ့
function ကိုသုံးရပါမယ်။ သူ့အတွက် header file ကလည်း conio.h ပါဘဲ။ တစ်ခါထည့်ပြီးရင်
ထပ်ထည့်စရာမလိုတော့ပါဘူး။
#include
<iostream.h>
#include
<conio.h>
void
main()
{
clrscr();
cout
<< "Hello! World! ";
getch();
}
ဒီ Code ကိုထပ်ပြီး လက်တွေ့စမ်းကြည့်ပါဦး။
တီချယ် TURBO C က link မပါလာဘူး ။ 64 bit အတွက် screen အပြည့်လာတာလေး ရှိရင် link လေး တင်ပေးပါဦး တီချယ်
ReplyDeleteအင်း ထည့်ပေးပါမယ် အမည်မသိရေ
ReplyDeleteခုထပ်ပြီးရေးနေပါတယ်။ ရေးစေချင်တာတွေများနေတော့ အလှည့်ကျရေးနေရလို့ပါ။ လိုအပ်တာရှိရင် comment ပေးခဲ့တာဟာ ကူညီခြင်းတစ်မျိုးပေါ့။
ReplyDelete