CHAPTER 4
Classful Internet Addresses
Classful Internet Addresses
4.1 Introduction
TCP/IP internet ဆိုတာ physical network တွေကို router တွေသုံးပြီး အပြန်အလှန်ချိတ်ဆက်ထားတဲ့ virtual network တစ်ခုပါ။
4.2 Universal Identifier
Host computer တစ်လုံးကို အခြား ဘယ် host computer တစ်လုံးနဲ့မဆို communicate လုပ်နိုင်အောင်ဆောင်ရွက်ပေးနိုင်တဲ့ communication system ကို universal communication service ကိုပေးနိုင်တဲ့ system လို့ဆိုပါတယ်။ communication system တစ်ခုကို universal ဖြစ်အောင်လုပ်ဘို့ဆိုရင် အဲဒီ system ကို ချိတ်ဆက်ထားတဲ့ computer တစ်လုံးချင်းစီကို identify လုပ်နိုင်တဲ့ တစ်ကမ္ဘာလုံးက လက်ခံနိုင်တဲ့ method မျိုးရှိဘို့လိုပါတယ်။
Host identifier တွေကတော့ names, addresses, or routes တွေပါ။ name က object တစ်ခုဟာ ဘာလဲဆိုတာကို identify လုပ်ပေးတယ်။ address ကတော့ နေရာကို identify လုပ်ပြီး route ကတော့ သွားရမယ့်လမ်းကြောင်းကို identify လုပ်ပေးပါတယ်။ စက်တွေကို identify လုပ်တဲ့အခါ လူတွေက name နဲ့ identify လုပ်ရတာကိုကြိုက်တယ်။ software တွေကတော့ address လိုဟာမျိုးကိုကြိုက်ကြတယ်။
4.3 The Original Classful Addressing Scheme
Internet ဆိုတာ အခြား physical network တွေလိုဘဲ network အကြီးစားကြီးတစ်ခုပါ။ ခြားနားတာကတော့ Internet က software နဲ့ implement လုပ်ထားတဲ့ virtual structure တစ်ခုပါ။ Internet ချိတ်ဆက်ထားတဲ့ host တိုင်းကို 32-bit integer address နဲ့ identify လုပ်ပါတယ်။ အဲဒါကို internet address or IP address လို့ခေါ်ပါတယ်။ IP address မှာ host id ရော အဲဒီ host ကချိတ်ဆက်ထားတဲ့ network id ပါ နှစ်ခုလုံးပါဝင်ပါတယ်။ prfix (ရှေ့ပိုင်း) က netid ဖြစ်ပြီး suffix (နောက်ပိုင်း)က hostid ဖြစ်ပါတယ်။
Figure 4.1
Classful addressing scheme မှာဆိုရင် address တွေဟာ self-identifying ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပြင်ပ information တွေကိုသုံးစရာမလိုဘဲ address ကိုကြည့်ရုံနဲ့ prefix နဲ့ suffix ရဲ့ boundary ကိုသိနိုင်လို့ပါ။ IP address ကို classes ၅မျိုးခွဲထားတယ်။ Class A, B, C, D, E ပါ။ ပထမ ၃မျိုးကတော့ primary class တွေပေါ့။ IP address တစ်ခုဟာ ဘယ် class ထဲမှာပါလည်းသိချင်ရင် higher order bit ၃ခုကိုကြည့်ပြီးသိနိုင်ပါတယ်။ primary class ၃ခုထဲကနေခွဲခြားဘို့ဆိုရင်တော့ higher order bit ၂ခုကိုကြည့်ရင်သိနိုင်ပါပြီ။ ရှေ့ဆုံး bit က 0 ဆိုရင်သေချာပေါက် Class A ပါ။ 1 ဆိုရင်တော့ ဒုတိယ bit ကိုပါ ဆက်ကြည့်ရပါမယ်။ ဒုတိယ bit က 0 ဆိုရင် Class B ပါ။ ဆိုလိုတာက ရှေ့ဆုံး bit ၂ခုက 10 ဆိုရင် Class B ပေါ့။ 11 ဆိုရင် တတိယ bit ကိုထပ်ကြည့်ရပါမယ်။ 65536 host ထက်ပိုချိတ်ဆက်ထားတဲ့ network ကြီးတွေအတွက် IP address ကို Class A အမျိုးအစားပေးရပါမယ်။ (netid က 7 bits ရှိပြီး hostid က 24 bits ရှိပါမယ်။) 256 host ထက်များပြီး 65536 host ထက်မများတဲ့ အလယ်အလတ်စား network တွေအတွက်ဆို Class B address ပေးရပါမယ်။ (netid က 14 bits ရှိပြီး hostid က 16 bits ရှိပါမယ်။) အများဆုံး 256 host သာချိတ်ဆက်မယ့် network တွေအတွက်တော့ Class A address ကိုသုံးရပါမယ်။ (netid က 21 bits ရှိပြီး hostid က 8 bits ရှိပါမယ်။)
4.4 Address Specify Network Connections
Computer တစ်လုံးမှာ physical connection ၂ခု သို့မဟုတ် ၂ခုထက်ပိုပြီးရှိခဲ့ရင် အဲဒီ computer ကို multi-homed host လို့ခေါ်ပါတယ်။ multi-homed host တွေနဲ့ router တွေမှာ တစ်ခုထက်ပိုတဲ့ IP address တွေရှိပါတယ်။ address တစ်ခုစီဟာ အဲဒီ host or router တွေနဲ့ချိတ်ဆက်ထားတဲ့ network connection တစ်ခုစီကိုကိုယ်စားပြုပါတယ်။ တကယ်တော့ IP address ဆိုတာ computer ကို identify လုပ်တာမဟုတ်ဘဲ အဲဒီ computer ချိတ်ဆက်ထားတဲ့ network connection ကိုသာ identify လုပ်တာဖြစ်ပါတယ်။ router n ခုဟာ network n ခုနဲ့ ချိတ်ဆက်ထားတယ်ဆိုပါတော့။ ဒါဆို အဲဒီ router မှာ IP address n ခုရှိပါမယ်။ IP address တစ်ခုချင်းဟာ network connection တစ်ခုစီကို identify လုပ်ပါတယ်။
4.5 Network And Directed Broadcast Addresses
IP address ထဲမှာ Netid ပါခြင်းအားဖြင့် အဓိကကောင်းကျိုးတစ်ခုက routing လုပ်တဲ့အခါ efficient ဖြစ်စေပါတယ်။ နောက်ကောင်းကျိုးတစ်ခုက IP address ဟာ host ကိုသာမက network ကိုပါ refer လုပ်နိုင်ပါတယ်။ host တစ်ခုရဲ့ hostid ကို 0 မပေးရပါဘူး။ hostid 0 ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ အဲဒီ network ကိုသာ ပြန်ညွှန်းပါတယ်။
နောက်ထပ်ကောင်းကျိုးတစ်ခုက network တစ်ခုမှာချိတ်ဆက်ထားတဲ့ host တွေအားလုံးကို refer လုပ်တဲ့ directed broadcast address ဆိုတာပါပါတယ်။ hostid က all 1s ဖြစ်နေခဲ့မယ်ဆိုရင် ဒါဟာ directed broadcast address ပါ။ packet တစ်ခုကို အဲလို address မျိုးဆီပို့လိုက်မယ်ဆိုပါတော့။ packet ဟာ source ကနေထွက်ခွာလာပြီးလမ်းတလျှောက်မှာ router တွေကိုဖြတ်သန်းရမယ်။ router တစ်ခုဟာ သူ့ဆီကို packet တစ်ခုရောက်လာရင် ဘယ် router ဆီကိုထပ်ပို့ပေးရမလည်းဆိုတာကို ဆုံးဖြတ်ရပါတယ်။ အဲဒီအခါမှာ router ဟာ packet ရဲ့ netid portion ကိုသာကြည့်ပါတယ်။ hostid portion ကိုမကြည့်ပါဘူး။ destination network နဲ့ချိတ်ဆက်ထားတဲ့ router ဆီရောက်တဲ့အခါမှသာ router ဟာ hostid portion ကိုကြည့်ပါတယ်။ hostid portion က all 1s ဖြစ်နေရင်တော့ အဲဒီ network မှာချိတ်ဆက်ထားတဲ့ host တွေအားလုံးဆီကို packet ကို deliver လုပ်လိုက်ပါတယ်။ အချို့ network hardware တွေဟာ broadcast ကို support မလုပ်ပေးနိုင်ပါဘူး။
4.6 Limited Broadcast
IP address ရဲ့ 32 bit လုံးဟာ 1 တွေချည်းဖြစ်ခဲ့မယ်ဆိုရင်ဒါ Limited Broadcast ပါ။ host ဟာ သူ့ရဲ့ IP address or local network ရဲ့ prefix ကို မသိသေးခင်မှာ အသုံးပြုပါတယ်။ start up မှာသုံးတာပါ။ သိပြီးသွားပြီဆိုရင်တော့ directed broadcast ကိုသာသုံးသင့်ပါတယ်။
4.7 Interpreting Zero To Mean “This”
IP address ရဲ့ hostid or netid မှာ bit တွေအားလုံးဟာ 1 တွေချည်းဖြစ်နေရင် ဒါကို “all” လို့ဆိုလိုပါတယ်။ bit တွေအားလုံး 0 ဆိုရင်တော့ “this” ပေါ့။ ဒါကြောင့် hostid 0 ဆိုရင် ဒါ this host လို့ဆိုလိုပါတယ်။ netid 0 ဆိုရင် this network ဆိုတဲ့သဘောပေါ့။ ဥပမာ machine တစ်ခှုဆီ packet တစ်ခုရောက်လာတယ်။ packet ရဲ့ netid က 0 ဖြစ်ပြီး hostid က တော့ အဲဒီ machine ရဲ့ id ဖြစ်နေတယ်ဆိုပါတော့။ ဒါဆိုရင် ဒီ packet ဟာ သူ့ဆီကို ပို့လာတဲ့ packet လို့သတ်မှတ်နိုင်ပြီး further process တွေဆက်လုပ်နိုင်ပါတယ်။
Host တစ်ခုဟာ သူကိုယ်တိုင်ရဲ့ network address ကိုမသိသေးတဲ့အခါမှာ netid 0 လို့ယာယီအသုံးပြုပါတယ်။ netid 0 လို့ပေးထားတဲ့ packet တစ်ခုကို ပို့လိုက်တဲ့အခါ အဲဒီ network ပေါ်မှာရှိနေတဲ့ အခြား host တွေက ဒါကို this network (သူတို့ network ကိုပို့တဲ့ packet) လို့မှတ်ယူလိုက်ပါတယ်။ မူလ host ဆီ reply ပြန်တဲ့အခါမှာ သူတို့ရဲ့ netid ကိုထည့်ပြီးပြန်ပေးလိုက်ပါတယ်။ ဒီအခါမှာ မူလ host ဟာ netid ကိုသိသွားပြီမို့ နောက်ထပ် communicate လုပ်တဲ့အခါ 0 လို့မသုံးတော့ဘဲ netid ကိုအတိအကျအသုံးပြုနိုင်သွားပြီဖြစ်ပါတယ်။

4.8 Subnet And Supernet Extensions
Physical network တစ်ခုရဲ့ network prefix တွေဟာ unique ဖြစ်ရပါမယ်။ ဆိုလိုတာက netid တူလို့မရပါဘူး။ network တွေတိုးပွားလာတာနဲ့အမျှ address space တွေအလျှင်အမြန် exhaust (နောက်ထပ်ပေးစရာမရှိ) ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် prefix ကို physical network အများက share လုပ်ပြီး အသုံးပြုနိုင်မယ့် subnet addressing ဆိုတာဖြစ်လာပါတယ်။
အရင်က prefix နဲ့ subfix ကြား boundary ကိုသတ်မှတ်တဲ့အခါ Class A အတွက်ဆို ရှေ့ဆုံး 1byte နဲ့ နောက်ပိုင်း 3bytes ကြားဟာ boundary ပါ။ Class B ဆိုရင် ရှေ့ဆုံး 2bytes နဲ့ နောက်ပိုင်း 2bytes ကြားဟာ boundary ပါ။ superneting ဆိုတဲ့နည်းအရဆိုရင် boundary ဟာဘယ်နေရာမဆိုဖြစ်နိုင်ပါတယ်။ ဥပမာ ရှေ့ဆုံး 9 bits နဲ့ နောက်ဆုံး 23 bits ကြားမှာလည်း boundary ဖြစ်နိုင်ပါတယ်။ ဒီတော့ class ဆိုတာလည်းမရှိတော့ပါဘူး။ ဒါကြောင့် classless addressing လို့ခေါ်ပါတယ်။ ဒီနည်းက address space တွေကို ပိုပြီးပြည့်ပြည့်၀၀အသုံးချနိုင်တယ်ဆိုတာတွေ့ရပါတယ်။
4.9 IP Multicast Addresses
Packet တစ်ခုကို ကွန်ပျူတာတစ်လုံးထဲဆီပို့တာကို unicast delivery လို့ခေါ်ပါတယ်။ broadcast ဆိုတာကတော့ အားလုံးဆီပို့တာပေါ့။ multicast delivery ဆိုတာကတော့ packet တစ်ခုကို သက်ဆိုင်ရာ host တွေ ဆီကိုပို့တာပါ။ ၂ ခု သို့မဟုတ် ၂ခုထက်ပိုတဲ့ host တွေဆီပေါ့။ အဲဒီလို ပို့နိုင်ဘို့ဆိုတာကလည်း multicast delivery ကို support လုပ်ပေးနိုင်တဲ့ network တွေအတွက်သာဖြစ်နိုင်ပါတယ်။
4.10 Weakness In Internet Addressing
IP address မှာ network information (netid) ကိုထည့်ပေးထားခြင်းအားဖြင့် ကောင်းတဲ့အချက်တွေကိုအရှေ့မှာပြောခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့မကောင်းတဲ့အချက်တွေကို ပြောပါမယ်။ အဆိုးဆုံးတခုက addess ဟာ host comptuer ကို identify လုပ်တာမဟုတ်ဘဲ network connection ကိုသာ identify လုပ်တာဖြစ်နေလို့ပါ။ ဒီ host computer ကို network တစ်ခုကနေ အခြား network တစ်ခုကိုပြောင်းချိတ်လိုက်မယ်ဆိုရင် IP address ကိုပြန်ပြောင်းရပါလိမ့်မယ်။ လူတစ်ယောက်ဟာ ခရီးသွားစရာရှိလို့ သူ့ computer ကို Internet ချိတ်ဆက်ထားတဲ့ network ကနေ ဖြုတ်သယ်သွားတယ်ဆိုပါတော့။ ခရီးဆုံးကိုရောက်လို့ သူ့ computer နဲ့ Internet သုံးချင်ရင် အဲဒီမှာရှိနေတဲ့ network နဲ့သက်ဆိုင်တဲ့ IP address ကိုပြန်ပေးရပါမယ်။ (ခုခေတ်မှာတော့ wifi နဲ့အသုံးပြုကြတာများပါတယ်။ ဖုန်းနဲ့လည်းသုံးကြပါတယ်။ permanent IP address မသုံးဘဲ DHCP ကိုသုံးကြပါတယ်။)
နောက်အားနည်းချက်တစ်ခုက Class C network တစ်ခုမှာ host အရေအတွက် 255 ခုထက်ပိုလာတဲ့အခါ Class B address ကိုပြောင်းပေးရပါမယ်။ အလုပ်ရှုပ်တာပေါ့။
4.11 Dotted Decimal Notation
IP address တွေကို dotted decimal notation နဲ့ရေးပါတယ်။ ဥပမာ
128.10.2.30
Binary နဲ့ရေးမယ်ဆိုရင်
10000000 00001010 00000010 00011110
Classful addressing scheme အရ IP address တွေရဲ့ class တွေကို ဒီလိုသတ်မှတ်ထားတယ်။
Class Lowest Address Highest Address
A 1.0.0.0 126.0.0.0
B 128.1.0.0 191.255.0.0
C 192.0.1.0 223.255.255.0
D 224.0.0.0 239.255.255.255
E 240.0.0.0 255.255.255.254
ဒီထဲမှာမပါတဲ့ address တွေကတော့ အချို့ကိစ္စတွေမှာအသုံးပြုဘို့ reserve ထားတာပါ။
4.12 Loopback Address
ဒီထဲမှာမပါတဲ့ 127.0.0.0 ဟာ loopback address ပါ။ testing လုပ်ဘို့အတွက်နဲ့ local computer ပေါ်က inter-process communication အတွက် သုံးပါတယ်။ packet တစ်ခုရဲ့ destination address ဟာ loopback address ဖြစ်နေရင် အဲဒီ packet ကို အခြားကိုမပို့ဘဲ အဲဒီ computer မှာဘဲ process လုပ်ပါတယ်။ တနည်းပြောရရင် 127 ဆိုတာ network address မဟုတ်ပါဘူး။ 127 ဆိုတဲ့ netid မရှိပါဘူး။
4.13 Summary Of Special Address Conventions
4.14 Internet Addressing Authority
TCP/IP internet မှာအသုံးပြုမယ့် network address prefix တွေဟာ unique ဖြစ်ရပါမယ်။ တစ်ခုနဲ့တစ်ခုမတူရပါဘူး။ TCP/IP technology ကိုသုံးပြီး private network (Internet မချိတ်ထားတဲ့ network) တည်ဆောက်ချင်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ သူ့ private network ရဲ့ network prefix ကို ကြိုက်ရာပေးနိုင်ပါတယ်။ အခြား အဖွဲ့အစည်းတွေရဲ့ private network တွေရဲ့ network prefix တွေနဲ့တူနေလည်းပြသနာမရှိပါဘူး။ ဒါပေမယ့် Internet ချိတ်ဆက်ထားတဲ့ network ဆိုရင်တော့ ကြိုက်ရာပေးလို့မရတော့ပါဘူး။ Internet ချိတ်ဆက်ထားတဲ့ network တွေရဲ့ network prefix ကို unique ဖြစ်ဘို့အတွက် Internet address တွေအားလုံးကို central authority တစ်ခုကနေပေးပါတယ်။ စစချင်းတော့ the Internet Assigned Number Authority (IANA) က policy တွေချပြီး ထိန်းချုပ်ထားပါတယ်။ နောက်ပိုင်းမှာတော့ the Internet Corporation For Assigned Names and Numbers (ICANN) ကဆက်လုပ်ပါတယ်။
ဒီအဖွဲ့က address ပေးတဲ့အခါမှာ network ရဲ့ size ကို ကြည့်ပြီး သင့်တော်တဲ့ address ကိုပေးပါတယ်။ network size ဆိုတာ network မှာချိတ်ဆက်မယ့် host အရေအတွက်ကိုပြောတာပါ။ host ၂၅၅ ထက်မများတဲ့ network တွေအတွက်ဆို Class C address ပေးပါတယ်။ Class B ကတော့ အလယ်အလတ်စား network တွေအတွက်ပေါ။ 65535 hosts ထက်ကျော်တဲ့ network တွေအတွက်ဆို Class A address ပေးပါတယ်။
Address ရဘို့ central authority နဲ့တိုက်ရိုက်ဆက်သွယ်စရာမလိုပါဘူး။ မိမိတို့ local ISP နဲ့ဆက်သွယ်တောင်းခံနိုင်ပါတယ်။ local ISP တွေက larger ISP တွေနဲ့ဆက်သွယ်ရပါတယ်။ larger ISP တွေကမှ ICANN နဲ့တိုက်ရိုက်ဆက်သွယ်တာပါ။ address ပေးတယ်ဆိုတဲ့နေရာမှာလည်း network prefix ကိုသာပေးတာပါ။ subfix ကိုတော့မိမိ network အတွင်းမှာ unique ဖြစ်အောင်ပေးရုံပါဘဲ။
4.15 Reserved Address Prefixes
အဖွဲ့အစည်းတစ်ခုဟာ သူ့ရဲ့ network ကို Internet မချိတ်ဆက်ဘူးဆိုရင် သူကြိုက်ရာ IP address ကိုပေးလို့ရပါတယ်။ private internet မှာအသုံးပြုတဲ့ address တွေနဲ့ global Internet မှာ အသုံးပြုတဲ့ address ကြား conflict မဖြစ်ရလေအောင် IETF ဆိုတဲ့အဖွဲ့ကနေ အချို့သော address prefix တွေကို private internet မှာအသုံးပြုဘို့အတွက်ရည်ရွယ်ပြီး reserve ထားပေးပါတယ်။
4.16 An Example
4.17 Network Byte Order
ဘယ် machine architecture ဘဲဖြစ်ဖြစ် ဘယ် network hardware ဘဲဖြစ်ဖြစ် Internet မှာအသုံးပြုလို့ရအောင်ဆိုရင် data တွေကို represent လုပ်မယ့် standard representation တစ်ခုရှိဘို့လိုပါတယ်။ ဥပမာ computer တစ်လုံးက 32-bit binary integer တစ်ခုကို အခြား computer တစ်လုံးဆီပို့တယ်ဆိုပါတော့။ physical transport hardware ကနေပြီး ပထမ computer က sequence of bits တွေကို ဒုတိယ computer ဆီကိုပို့ပေးပါတယ်။ အဲဒီလိုပို့တဲ့အခါမှာ bit တွေရဲ့ order (ရှေ့နောက်အစီအစဉ်) ကိုမပြောင်းဘဲပို့တာပါ။ ဒါပေမယ့် vender တစ်ခုကထုတ်လုပ်တဲ့ hardware architecture ဟာ အခြား vendor တစ်ခုကထုတ်လုပ်တဲ့ hardware architecture ဟာ တူချင်မှတူပါလိမ့်မယ်။ အခု ဥပမာမှာ ပထမ computer နဲ့ ဒုတိယ computer ရဲ့ architecture မတူဘူးဆိုပါတော့။ architecture မတူရင် 32-bit integer တွေကို store လုပ်တဲ့ နည်းလမ်းလည်းမတူတတ်ပါဘူး။ (တူတာတွေလည်းရှိကောင်းရှိမှာပေါ့။ ခုကိစ္စမှာတော့ မတူတဲ့ case ကိုစဉ်းစားကြည့်ရအောင်။) အချို့ architecture တွေက data တွေကို store လုပ်ဘို့ Little Endian Format ကိုသုံးတယ်။ ဒီ format အရဆိုရင် lowest memory address integer ရဲ့ low order byte ကို သိမ်းတယ်။ အချို့ architecture တွေက Big Endian format ကိုသုံးတယ်။ ဒီ format အရဆို lowest memory address integer ရဲ့ higher order byte တွေကိုထားတယ်။ ဒါကြောင့် ပထမစက်က ပို့လိုက်တဲ့ bit sequence တွေကို ဒုတိယစက်ကို (bit order မပြောင်းဘဲ) ပို့လိုက်တဲ့အခါ စက်တစ်လုံးချင်းစီရဲ့ data တွေကို store လုပ်ပုံမတူတာကြောင့် တန်ဘိုးတွေပြောင်းသွားတတ်ပါတယ်။
Integer တွေအတွက် standard ဖြစ်တဲ့ byte order တစ်ခုရှိဘို့လိုကိုလိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ packet ထဲမှာ destination address တို့ packet length တို့ပါပါတယ်။ ဒါတွေကို sender ရော receiver ပါ ၂ဘက်လုံးကအသုံးပြုရမှာပါ။ ဒီ value တွေပြောင်းသွားရင် အကုန်အမှားအယွင်းတွေဖြစ်ကုန်မှာပါ။ ဒါကြောင့် packet ထဲက binary field တွေအတွက် အသုံးပြုဘို့ network standard byte order ဆိုတာကိုသတ်မှတ်လိုက်ပါတယ်။ host သော်၎င်း router သော်၎င်း packet တစ်ခုကိုပို့တော့မယ်ဆိုရင် မပို့ခင် အဲဒီ packet မှာပါတဲ့ binary value တွေကို local representation ကနေ network standard byte order အဖြစ်ပြောင်းပြီးမှပို့ရပါမယ်။ packet တစ်ခုကိုရောက်လာရင်တော့ network standard byte order ကနေ local host မှာအသုံးပြုနေတဲ့ byte order ကိုပြောင်းရပါမယ်။ packet ထဲမှာပါတဲ့ user data တွေကိုတော့ ဒီလိုတွေပြောင်းစရာမလိုပါဘူး။ ဘာကြောင့်လည်းဆိုတော့ TCP/IP protocol ဟာ ဒီ packet ထဲမှာပါလာတဲ့ user data တွေကိုမကြည့်ပါဘူး။ head field ကိုသာကြည့်ပါတယ်။
network standard byte order ဆိုတာဘယ်လိုပုံစံမျိုးလည်းဆိုတော့ most significant byte ကို အရင်ပို့ပါတယ်။ Big Endian style ပါ။ ဆိုလိုတာက most significant byte ဟာ packet ရဲ့ အစပိုင်းမှာရှိပြီး least significant byte ကတော့ packet ရဲ့နောက်ဆုံးဘက်မှာရှိနေမှာပါ။
4.18 Summary

No comments:
Post a Comment