http://android.clients.google.com/packages/ota/google_crespo/VQ8PQk_V.zip
Step 1:
ဒီလင့်ကနေ official Android 4.0.3 ICS zip file ကိုဒေါင်းပါ။ ပြီးရင် ဖိုင်အမည်ကို
update.zip လို့ပြောင်းပါ။
Step 2:
ဒေါင်းထားတဲ့ဖိုင်ကို SD ကတ်ထဲထည့်ပါ။
Step 3:
ဖုန်းပိတ်လိုက်ပါ။
Step 4:
အသံချဲတဲ့ခလုတ်ကိုဖိထားပြီး ပါဝါခလုတ်ကိုနှိပ်ပါ။
Step 5: volume (အသံ)ခလုတ်ကိုသုံးပြီး RECOVERY ကိုသွားပါ။ RECOVERY ရောက်ရင် ပါဝါ
ခလုတ်ကိုတစ်ချက်နှိပ်လိုက်ပါ။
Step 6: Screen ပေါ်မှာ ! လေးပေါ်လာရင်
ပါဝါနဲ့ အသံချဲ့တဲ့ခလုတ်ကိုတွဲနှိပ်ပါ။
Step 7: ခုဆို recovery menu
ကိုရောက်ပါပြီ။ update from SD card ဆိုတာကိုရွေးပါ။ update.zip
ဆိုတဲ့ဖိုင်ကိုထပ်ရွေးပါ။ ပါဝါခလုတ်ကိုနှိပ်ပါ။
Step 8:
install လုပ်နေပါပြီ။ ခနစောင့်ပါ။ ပြီးသွားရင် reboot system now
ကိုရွေးပါ။ပြန်တက်လာရင် Android 4.0.3 Ice Cream Sandwich တင်ခြင်းပြီးဆုံးပါပြီ။
No comments:
Post a Comment