Sunday, July 22, 2012

မိမိကိုယ်ပိုင် Dropbox တစ်ခုဖန်တီးရအောင်

မိမိ data တွေကို မိမိကွန်ပျူတာပေါ်မှာသိမ်းထားရုံနဲ့ အွန်လိုင်းပေါ်က ကြိုက်ရာကွန်ပျူတာကနေကိုယ်တိုင် ဖွင့်ကြည့်နိုင်ပါတယ်။
မိမိကွန်ပျူတာထဲကဖိုင်တွေကို အခြားသူတွေကိုမျှဝေလိုတဲ့အခါ လင့်ပေးလိုက်ရုံနဲ့ အခြားသူက အွန်လိုင်းကနေ ရယူသွားနိုင်ပါတယ်။
အထက်ပါလင့်ကနေ ဒေါင်းလုပ်ဆွဲပြီး မိမိကွန်ပျူတာမှာ install လုပ်ပါ။
Install လုပ်စဉ်မှာ အင်တာနတ်ဖွင့်ထားရပါမယ်။
ပြီးရင်မိမိကွန်ပျူတာပေါ်မှာ Dropbox folder တစ်ခုရလာပါမယ်။
မိမိသုံးလိုတဲ့ဖိုင်တွေ zip လုပ်ပြီးမှု အဲဒီဖိုဒါထဲမှာထည့်ရပါမယ်။
Auto upload လုပ်ပါလိမ့်မယ်။
Task bar ပေါ်က icon မှာကြည့်နိုင်ပါတယ်။
ဖိုင်မှာ အစိမ်းရောင်ပြရင် upload ပြီးပါပြီ။
အပြာရောင်ဆိုရင် upload လုပ်နေဆဲပါ။
တစ်ကြိမ် upload ပြီးရင် အမြဲသုံးလို့ရပါပြီ။
File အားလုံး upload ပြီိးရင်အင်တာနတ်ဖွင့်ထားစရာမလိုတော့ပါဘူး။
အခြားသူတွေကို မျှဝေချင်ရင် ဖိုင်ပေါ်မှာ right click လုပ်ပြီး Dropbox>>Copy Public Link ကိုသွားပါ။
Link ပေါ်လာပါမယ်။
အဲဒီလင့်ကို ကိုယ်မျှဝေချင်တဲ့သူဆီပို့ရုံပါဘဲ။
ကိုယ်တိုင် အခြားကွန်ပျူတာကနေသုံးချင်ရင်တော့ www.dropbox.com မှာ username and password ပေးပြီးသုံးလို့ရပါတယ်။
မရှင်းတာရှိရင် +95973140515 ကိုဆက်သွယ်ပါ။


No comments:

Post a Comment