Thursday, July 26, 2012

အွန်လိုင်းပေါ်မှာရှိနေတဲ့သူတွေကိုဖုန်းနဲ့ပြောမယ် chat မယ် video call ခေါ်မယ်

ဒီ application က နှစ်ယောက်စလုံးမှာဖုန်းရှိစရာမလိုပါဘူး။ ရှိရင်လည်းရပါတယ်။
အနည်းဆုံးတစ်ယောက်မှာရှိရင်ရပြီ။ ကျန်တဲ့တစ်ယောက်မှာတော့အင်တာနတ်ချိတ်ထားတဲ့ကွန်ပျူတာရှိရမယ်။
ဒီမှာဒေါင်းပါ။
https://dl.dropbox.com/u/93072029/fringv3.8.0.22.apk
အင်တာနတ်ဖွင့်ထားပါ။
fringv3.8.0.22.apk ကိုဖုန်းထဲမှာ install လုပ်ပြီး open လုပ်လိုက်ပါ။
userid, password and fullname ပေးပြီး Next ကိုနှိပ်ပါ။
(password က အနည်းဆုံး ၄ လုံးအများဆုံး ၁၅ လုံးရှိရမယ်။)
ဖုန်းနံပါတ်ကို 959 ခံပြီးရိုက်ထည့်ပါ။ +ကသူ့ဘာသာထည့်ပေးလိမ့်မယ်။
မေးလိပ်စာထည့်ပါ။
ဓါတ်ပုံတင်လိုပါက Upload image ကိုနှိပ်ပြီး Choose  from နဲ့ Take a new picture 2ခုအနက်က ကြိုက်ရာရွေးနိုင်တယ်။
(Choose  from ဆိုရင်ရှိပြီးသားပုံထဲကကိုယ်တင်ချင်တဲ့ပုံကိုရွေးရမယ်။
Take a new picture ဆိုရင်တော့ ခုရိုက်ခုတင်ပေါ့။
ဓါတ်ပုံမတင်ချင်ရင်ဒီအဆင့်ကိုကျော်သွားပါ။)
ပြီးရင် Done ကိုနှိပ်ပါ။
ဒါဆိုပြီးပါပြီ။
သူငယ်ချင်းတွေကို invite လုပ်ချင်ရင် menu ခလုတ်ကိုနှိပ်ပါ။ Add friends ကိုရွေးပါ။
User-ID နေရာမှာ သူငယ်ချင်းရဲ့  User-ID ကိုထည့်ပြီး Add ကိုနှိပ်ပါ။
Gtalk အကောင့်ကသူငယ်ချင်းတွေနဲ့ပြောနိုင်ဘို့ menu ခလုတ်ကိုနှိပ်ပါ။
Settings ကိုရွေးပါ။
Add-ons ကို ရွေးပါ။
Google Talk ကိုရွေးပါ။
မိမိရဲ့ gtalk account and password ကိုရိုက်ထည့်ပါ။
ပြီးရင် Login ကိုနှိပ်လိုက်ပါ။
မိမိရဲ့ gtalk account ကသူငယ်ချင်းတွေအွန်လိုင်းမှာရှိနေရင် အစိမ်းရောင်ပြပါလိမ့်မယ်။
ဒါဆိုသူတို့ကို လှမ်းစကားပြောလို့ရပါပြီ။
စာရိုက်ပြီး chat လို့လဲရပါတယ်။
အင်တာနတ်ကော်နတ်ရှင်ကောင်းတဲ့အချိန်ဆို video call ပါခေါ်လို့ရပါတယ်။
gtalk သာမက အခြား အကောင့် friend တွေနဲ့လည်း ဆက်သွယ်နိုင်ပါတယ်။








No comments:

Post a Comment